Sunday, May 26, 2013

ကွန်ပျူတာပိုမြန်စေမယ့်နောက်ထပ်နည်းလမ်းလေးတွေ


ကွန်ပျူတာ ပိုမိုမြန်ဆန်စေသော နည်းလမ်းများ
ကွန်ပျူတာနဲ့ ပတ်သက်ပြီး ကိုယ်တိုင်တွေ့ကြုံရရှိလာသော အတွေးအကြုံလေးကို ပြောပြချင်ပါတယ်။ လူတိုင်း မိမိသုံးနေသော ကွန်ပျူတာ နှေးကွေးလေးလံနေပါက အသုံးပြုချင်မှာ မဟုတ်သလို စိတ်အနှောင့်အယှက်လဲ ဖြစ်ကြမှာပါ။ ကျွန်တော် အခု ဖော်ပြမယ့် နည်းလမ်းများက မေးမြန်းလေ့လာထားတဲ့ နည်းလမ်းများ ဖြစ်ပါတယ်။ လိုအပ်ချက်တော့ ရှိမှာပါ။ ယခုလဲ ကျွန်တော်ကိုယ်တိုင် လက်တွေ့အသုံးပြုပြီး ကောင်းမွန်တဲ့အတွက် ပန်လည် Share လုပ်ခြင်း ဖြစ်ပါသည်။ သိတဲ့ လူတွေရှိသလို မသိတဲ့ လူတွေလဲ ရှိမှာပါ။ မသိတဲ့ လူများအတွက် ရည်ရွယ်ပြီး ပြောပြတာပါ။ အောက်ပါအတိုင်း ပြုလုပ်သွားပါ။

အရင်ဦးဆုံး မိမိရဲ့ စက်ကို
အမြင် ပြောင်းလဲရပါမယ်။ အောက်ပါအဆင့်အတိုင်း ပြုလုပ်ပါ။

၁.. Desktop ပေါ်က My Computer ကို Right Click လုပ်ပါ။ Properties ကို ရွေးပါ။
၂.. System Properties Box ကျလာလျှင် Advanced Tab ကို ရွေးပါ။
၃.. Performance အောက်က Settings ကို ရွေးပါ။
၎.. Visual Effects tab မှ Adjust for best performance ကို ရွေးချယ်ပါ။
၅.. Apply လုပ်။ အနည်းငယ်စောင့်။ ပုံပြောင်းသွားလိမ့်မယ်။ ပြီးရင် Ok ပေါ့။

ကွန်ပျူတာစဖွင့်ရာမှ မြန်ဖို့အတွက် မလိုအပ်တဲ့ ဆော့ဝဲတွေကို လျော့ချ ရပါ လိမ့်မယ်။
ဖျက်ပစ်တာ မဟုတ်ပါဘူး။ ၀င်းဒိုးစ် စတက်တဲ့အခါ ဆော့ဝဲလ်မျိုးစုံကို စစ်နေရတဲ့
အတွက် ကြာလှပါတယ်။ ဒါကြောင့် မလိုအပ်တဲ့ ဆော့ဝဲလ်တွေ ပိတ်သင့်တာကို ပိတ်ရပါလိမ့်မယ်။ ကွန်ပျူတာမှာ အသုံးနည်းတဲ့ လုပ်ငန်းစဉ်ဖိုင်တွေကို ပိတ်ရပါ လိမ့်မယ်။
ဘာတွေလဲဆိုတော့

၁..gttask

၂. Quick Time ကဲ့သို့ Multimedia နှင့် ဆိုင်သည့် Player ဆော့ဝဲလ်များ

၃..Adobe Reader, Adobe Gamma စတာတွေ ဖြစ်ပါတယ်။
တခြား မိမိ အင်စတော သာ လုပ်ထားတယ်။ အသုံးနည်းတယ်ဆိုရင်
ပိတ်ထားနိုင်ပါတယ်။

အထက်ပါ ဖိုင်များကို ပိတ်ဖို့အတွက်
၁.. Start မှ Run ကို ရွေးပါ။
၂.. Run ထဲတွင် msconfig ကို ရိုက်ထည့်ပါ။
၃.. System Configuration Utility Box ပေါ်လာပါက
Startup
ကိုရွေးပါ။ Startup တွင် အထက်မှ ပြထားသော ဖိုင်များကို အမှန်ခြစ်ကလေးများ ဖြုတ်၍ ပိတ်နိုင်ပါတယ်။

လုပ်ငန်းစဉ်များ ပြီးစီးပါက Apply , Ok , restart လုပ်ပါ။ restart လုပ်ရာတွင် စက်ပြန်တက်လာသည့်အခါမှာ message box တစ်ခုပေါ်လာပါလိမ့်မည်။ Windows start ပြောင်းလဲခြင်း ဆောင်ရွက်ပြီးကြောင်း၊ ဒီပြောင်းလဲမှုဟာ အမြဲလား နောက်ပြောင်းအုံးမှာလားဆိုတဲ့ မေးခွန်း message ပါ။ Don’t Show this ……………. စာသားကို အမှန်ခြစ်ပေးပြီး Ok လုပ်ပါ။

အခုဖော်ပြတဲ့ ဖိုင်တွေက ကွန်ပျူတာထဲက ဖျက်ပစ်တာ မဟုတ်ပါဘူး။ ၀င်းဒိုးစ် စတက်တဲ့အချိန်မှာ မစစ်အောင်ပဲ ပိတ်ထားတာပါ။ မိမိလိုအပ်တဲ့အချိန် Start မှနေ၍ ပြန်လည် အသုံးပြု၍ ရပါတယ်။ ဥပမာ - Quick Time ကို အသုံးပြုချင်ပါက Start မှ All programs မှ Quick Time ကို Click နှိပ်၍ ပြန်လည်အသုံးပြု၍ ရပါတယ်။ အကယ်၍ မိမိသည် အဆိုပါ ဖိုင်တို့ကို ပိတ်ထားရန် မသေချာပါက ပိတ်မည့် ဖိုင်တို့ကို စာရွက်တစ်ရွက်တွင် ရေးမှတ်ထားပြီးမှ ပြုလုပ်လျှင် ပို၍ ကောင်းပါတယ်။ မိမိပိတ်မည့် ဖိုင်တို့၏ အရေးကြီးပုံ၊ အရေးမကြီးပုံ၊ အသုံးဝင်ပုံတို့ကို ဖတ်ချင်လျှင် အင်တာနက်မှ www.process-library.com Search Box တွင် သွားရောက် ကြည့်ရှုနိုင်ပါတယ်။

နောက်တစ်ခုက မလိုအပ်တဲ့ လုပ်ငန်းများကို ပိတ်ထားရမှာ ဖြစ်ပါတယ်။

၁.. Start မှ Control Panel မှ Administrative Tools မှ Services ကို ဖွင့်ပါ။
၂.. Run ထဲမှ ဖွင့်ချင်ပါက services.msc ကို ရိုက်ထည့်၍ ဖွင့်နိုင်ပါတယ်။
၃.. Services box ကို ရောက်ရင် အောက်ပါ လုပ်ငန်းများကို ပိတ်ထားနိုင်ပါတယ်။

၁.Alerter ကို ပိတ်ရန်အတွက် Alerter ကို Select မှတ်ပြီး Right Click နှိပ်ပါ။ Properties ကို ရွေးပါ။ startup type အကွက်တွင် Disable ကို ရွေးပါ။ ပြီးလျှင် Apply , Ok
၂.. အထက်ပါအတိုင်း Indexing Service , Ms Software Shadow Copy Provider , IMAPI CD-Burning တို့ကို ပိတ်ပါ။

နောက်တစ်ခုက လူတိုင်း မထင်မှတ်ထားတဲ့ အ
နောက်တစ်ခုက လူတိုင်း မထင်မှတ်ထားတဲ့ အရာလေးပါ။ Fonts များကို လျော့ချရမှာ ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ မလိုအပ်တဲ့ font တွေကို လျော့ချရမှာ ဖြစ်ပါတယ်။ တကယ်တမ်း ကိုယ်သုံးနေရတာက ၁၀ ခုတောင် မကျော်ပါဘူး။ ဒါပေမယ့် Font တွေက အလွန်များနေပါတယ်။ အဲဒီတော့ မိမိသုံးတဲ့ Font ကိုပဲ ထားပြီး မလိုဘူးထင်တာတွေ ဖျက်ပစ်ပါ။ တစ်ခုလောက်တော့ သတိပေးချင်ပါတယ်။ ဖောင့်တွေဖျက်တဲ့နေရာမှာ Character Map မှာ ကိုယ်သုံးနေတဲ့ font တွေကိုတော့ မဖျက်ပစ်မိဖို့ ဖြစ်ပါတယ်။ ဥပမာ- Webdings

နောက်တစ်ခုကတော့ Index လုပ်ငန်းစဉ်များကို ပိတ်ရမှာ ဖြစ်ပါတယ်။
၁..My Computer ကို ဖွင့်ပါ။ Local Disk (C:)ကို Right Click လုပ်၍ Properties ကို ရွေးပါ။
၂.. Properties Box ကျလာပါက အောက်ဆုံးတွင်ရှိသော Allow Indexing Service to index this disk for fast file searching ၏ အမှန်ခြစ်ကို ဖြုတ်ပါ။
၃.. Local Disk (D:) ကိုလည်း ထိုနည်းအတိုင်းပြုလုပ်ပါ။

နောက်တစ်ခုကတော့ လူတိုင်း သိပြီးသားပါ။ Disk Defragmenter လုပ်တာပါ။ ဒီနည်းလမ်းကို နေ့စဉ် စက်ပိတ်ခါနီးတိုင်း ပြုလုပ်ပါက အသင့်တော်ဆုံးဖြစ်ပါတယ်။
၁.. Start မှ Programs မှ Accessories ကို သွားပါ။ ၎င်းတွင် Disk Defragmenter ကို ရွေးပါ။
၂.. Local Disk (C:) ကို Select မှတ်ပြီး လုပ်ပါ။ Local Disk (D:) ကိုလဲ ထိုနည်းအတိုင်း ပြုလုပ်ပါ။ ကဲ ဒီလောက်ဆိုရင် စက်လဲ သွက်လောက်ရောပေါ့။ နောက်ကြုံမှပဲ ဒီထက်ကောင်းတဲ့ နည်းလမ်းများကို ရှာဖွေ ဖော်ပြပေးပါမယ်။ အားလုံး အသုံးဝင်၍ ပျော်ရွှင်ကြပါစေ။
ဟုတ်ပါတယ်။ မလိုအပ်တဲ့ font တွေကို လျော့ချရမှာ ဖြစ်ပါတယ်။ တကယ်တမ်း ကိုယ်သုံးနေရတာက ၁၀ ခုတောင် မကျော်ပါဘူး။ ဒါပေမယ့် Font တွေက အလွန်များနေပါတယ်။ အဲဒီတော့ မိမိသုံးတဲ့ Font ကိုပဲ ထားပြီး မလိုဘူးထင်တာတွေ ဖျက်ပစ်ပါ။ တစ်ခုလောက်တော့ သတိပေးချင်ပါတယ်။ ဖောင့်တွေဖျက်တဲ့နေရာမှာ Character Map မှာ ကိုယ်သုံးနေတဲ့ font တွေကိုတော့ မဖျက်ပစ်မိဖို့ ဖြစ်ပါတယ်။ ဥပမာ- Webdings

နောက်တစ်ခုကတော့ Index လုပ်ငန်းစဉ်များကို ပိတ်ရမှာ ဖြစ်ပါတယ်။
၁..My Computer ကို ဖွင့်ပါ။ Local Disk (C:)ကို Right Click လုပ်၍ Properties ကို ရွေးပါ။
၂.. Properties Box ကျလာပါက အောက်ဆုံးတွင်ရှိသော Allow Indexing Service to index this disk for fast file searching ၏ အမှန်ခြစ်ကို ဖြုတ်ပါ။
၃.. Local Disk (D:) ကိုလည်း ထိုနည်းအတိုင်းပြုလုပ်ပါ။

နောက်တစ်ခုကတော့ လူတိုင်း သိပြီးသားပါ။ Disk Defragmenter လုပ်တာပါ။ ဒီနည်းလမ်းကို နေ့စဉ် စက်ပိတ်ခါနီးတိုင်း ပြုလုပ်ပါက အသင့်တော်ဆုံးဖြစ်ပါတယ်။
၁.. Start မှ Programs မှ Accessories ကို သွားပါ။ ၎င်းတွင် Disk Defragmenter ကို ရွေးပါ။
၂.. Local Disk (C:) ကို Select မှတ်ပြီး လုပ်ပါ။ Local Disk (D:) ကိုလဲ ထိုနည်းအတိုင်း ပြုလုပ်ပါ။ ကဲ ဒီလောက်ဆိုရင် စက်ကသွက်လောက်ပါပီနော်။

Credit to http://www.komyatmm.co.cc/2009/03/blog-post_9159.html

No comments:

Post a Comment