Sunday, May 26, 2013

“Windows ရဲ့ Performance ကိုမြှင့်သုံးတဲ့ နည်း”


“Windows ရဲ့ Performance ကိုမြှင့်သုံးတဲ့ နည်း”

ကျွန်တော် လက်ရှိဆက်တင်လုပ်ပြီးသုံးနေတဲ့ “Windows ရဲ့ Performance ကိုမြှင့်သုံးတဲ့ နည်း လေး ပြောပြပါ့မယ်.. အဆင်ပြေမယ်ဆိုရင် သုံးကြည့်ပါ….
(
၁) Windows မှာ သိပ်မလိုအပ်တဲ့ လှုပ်ရှားမှုတွေ လျှော့ချပါ…. Start-> Control Panel -> ထဲမှ System ကိုဖွင့်ပါ၊ System Properties -> Advanced Tag->Performance ရဲ့ Setting ထဲကိုဝင်ပါ၊ Performance options–> Visual Effets –> Customs ကိုရွေး ပြီး အောက်ဆုံး Effects (၃) ခု ကိုပဲ အမှတ်ခြစ်ပြီး ကျန်တာတွေကို Blank ထားပါ။ ပြီးရင် Apply –> OK နှိပ်ပါ။
(
၂) Paging Files တွေ အတွက် Virtual Memory ကိုမြှင့်သုံးဖို့  အထက်ပါအဆင့်အတိုင်းပြန်သွားပြီး Performance Options–>Advanced ထဲကိုဝင်ပါ၊ အကန့် သုံးခုရဲ့ အောက်ဆုံးအကန့် Virtual Memory မှာ Change ကိုနှိပ်ပါ၊ Virtual Memory ထဲမှာ လက်ရှိ ၀င်းဒိုး တင်သုံးထားတဲ့ ဟာ(ဒ်)ဒစ် ကိုရွေးပြီးဖြစ်နေမယ်၊ Space Available နှင့် အောက်ဆုံးမှာ ဖော်ပြထားတဲ့ Recommended ပမာဏ အတိုင်း Initial Size(MB) နှင့် Maximum Size (MB) နေရာတွေမှာ ပြောင်းထည့်ပါ၊ ပြီးရင် Set–> OK ကိုနှိပ်ပြီးပြန်ထွက်ပါ။
(
၃) Windows အတက်မြန်ဖို့  မလိုအပ်တဲ့ Services တွေနဲ့  Start Up ပရိုဂရမ်တွေကိုကိုဖြုတ်ချထားဖို့ . Start–>Run ဘောက်(စ်) ထဲမှာ msconfig လို့ ရိုက်ပြီး Enter ခေါက်ပါ၊ (က)System Configuration Utility ရဲ့ Services ကို ၀င်ပြီး အရင်ဆုံး Hide All Microsoft Services ကိုအမှတ်ခြစ်ပါ၊(Windows ဟာ Microsoft Services တွေနဲ့ တိုက်ရိုက်ပက်သက်နေလို့  မှားမဖြုတ်မိအောင်) ပြီးရင် အထဲမှာ မလိုအပ်ဘူး ထင်တဲ့ Services တွေကို Blank(uncheck)လုပ်ပါ၊ (ခ) System Configuration Utility ရဲ့ Startup ကို ၀င်ပြီး စက်စဖွင့်ဖွင့် ခြင်းရှိသမျှ Run နေတဲ့ Program တွေကို Blank (uncheck) လုပ်ပါ၊ (windows တက်ပြီးရင်မှ အသုံးလိုမှ ဖွင့်သုံးတာ ကောင်းပါတယ်)။ (ဥပမာ- skype, Gtalk တို့ လို ပရိုဂရမ်တွေ သုံးချင်တဲ့အချိန်မှ ဖွင့် သုံးတာကောင်းပါတယ်။ နောက်တစ်ခု ကောင်းတာက ဘာမှန်ညာမှန် မသိဘဲ စက်ဖွင့်တာနဲ့  လှုပ်ရှားသောင်းကျန်တဲ့ Spyware တွေ Trojans တွေ ကာကွယ်ပြီးသား ဖြစ်သလို ဘယ်လိုမှ Uninstall (ဖြုတ်ချလို့ ) မရတဲ့ Spyware programs တွေ ကိုချုပ်ထားပြီးသား ဖြစ်တယ်။ပြီး မှ programs files ထဲ ကနေ Folder တစ်ခုလုံး Delete လုပ်လို့ ရတာ)၊ အားလုံးပြီးရင် Apply–> Ok နှိပ်ပြီး Restart လုပ်ပါ။ Windows ပြန်တက်လာလို့  Message ပေါ်လာရင် Don’t Show Me Again လုပ်ပြီး OK နှိပ်ပါ။
(
၎) ပြန့် ကြဲနေတဲ့ ဖိုင်အပိုင်းအစ တွေကိုပြန်စုစည်ဖို့  Disk Defragment လုပ်ပါ၊ My Computer ကို Right Click နှိပ်ပြီး–>Manage ထဲကိုဝင်ပါ၊ Storage–>Disk Defragment ကိုနှိပ်ပြီး ညာဘက်ခြမ်းထဲက HDD တွေကို တစ်ခုခြင်း ရွေးပြီး အောက် မှ Analyze အရင်လုပ် ပြီး Disk Defragment လုပ်ပါ၊
(
၅) Internet ကိုအသုံးပြုတဲ့ Computer Userတွေ Internet Explorer, Firefox စတဲ့ Web Browser တွေရဲ့ Temporary Files တွေကိုရှင်းဖို့ မေ့နေတတ်ကြတယ်။ Internet Explorer ကိုရှင်းဖို့  Start–>Control Pannel–> Internet Options ကိုသွားပါ၊ General ထဲမှ Temporary Internet Files မှ Delete Cookies Delete, Delete Files လုပ်ပါ၊ ပြီးရင်ဘေးက Setting ထဲကိုဝင်ပြီး Amount of Disk space to use ကို 25 MB လောက်ပဲထားပါ၊ OK နှိပ်ပြီး Internet Options ရဲ့ နောက်ဆုံး Tag ဖြစ်တဲ့ Advanced ကိုသွားပါ၊ Steeings အောက်ထဲက Security နေရာ မှာ Empety Temporary Internet Files Folder when Internet Browser is closed ကို ရှာပြီး အမှတ်ခြစ်ပါ။(Internet Browser ကိုပိတ်ပြီးတာနဲ့  Temporary Files တွေကိုဖျက်ပြီးဖြစ်အောင်လို့ ပါ) ပြီးရင် Apply–> OK နှိပ်ပါ။ Firefox အတွက် ကတော့ Tools ရဲ့ အောက်မှ Clear Private Data လုပ်ရင် ရပါပြီ။ အဲဒီ အချက် (၅) ချက်လောက် လုပ်ရင် စက်ရဲ့  Performance ဟာ အလွန်ကောင်းတဲ့အနေအထား ဖြစ်သွားပြီး သုံးရတာ မြန်ဆန်သွက်လက်နေပါမယ်။


ဆက်လက်ဖတ်ရှူရန်...

မူရင်းစာရေးသူဘယ်သူလဲမသိလို့
Credit မပေးနိုင်တာခွင့်လွှတ်ပါနော်... 
နောက်ထပ်လဲ ကိုယ်စုဆောင်းထားသမျှနည်းပညာလေးတွေမျှဝေသွားပါဦးမယ်။

                                                                      

No comments:

Post a Comment